International News

အိန္ဒိယနိုင်ငံက ပဲတီစိမ်း တင်သွင်းမှုအပေါ် သွင်းကုန်ကင်းလွတ်ခွင့် သက်တမ်းတိုးကြောင်း ထုတ်ပြန်

Last Updated:

အိန္ဒိယနိုင်ငံ၊ နိုင်ငံခြားကုန်သွယ်မှု(ဖွံ့ဖြိုးတိုးတက်ရေးနှင့်စည်းမျဉ်းစည်းကမ်း)အက်ဥပဒေ 1992(22 of 1992)ပြဌာန်းချက်များအရ S.O. 5317(E)၊ ပုဒ်မ ၃ နှင့် ပုဒ်မ ၅ ပါ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ၂၀၁၅-၂၀၂၀ ခုနှစ်၊ နိုင်ငံခြားကုန်သွယ်မှုမူဝါဒ၏ အပိုဒ် ၁.၀၂ နှင့် ၂.၀၁ တို့အရ အခါအားလျော်စွာပြင်ဆင်၍ ဗဟိုအစိုးရ၏ အထူးအစိတ်အပိုင်း တစ်ခုဖြစ် သော ကူးသန်းရောင်းဝယ်ရေးဌာန၏ ၁၅-၅-၂၀၂၁ ရက်စွဲပါအသိပေးချက် S.O. 1858 (E) ဖြင့် ပဲတီစိမ်းတင်သွင်းမှုအတွက် [Beans of the SPP Vigna Radiata (L.) Wilczek] အခွန် ကင်းလွတ်ခွင့်နှင့်စပ်လျဉ်း၍ သွင်းကုန်မူဝါဒ သက်တမ်းတိုးခြင်းကို ၃၁-၃-၂၀၂၂ ရက်နေ့အထိ သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

ပဲတီစိမ်းတင်သွင်းမှုအတွက် သယ်ယူခ/ကုန်တင်ပြေစာပါရက်စွဲသည် ၃၁-၃-၂၀၂၂ ရက် နေ့မတိုင်မီအထိ အကျုံးဝင်မည် ဖြစ်ပါသည်။ အဆိုပါကုန်စည်ပို့ဆောင်မှုများကို ၃၀-၆-၂၀၂၂ ရက်နေ့မတိုင်မီ (သို့မဟုတ်) အထိ သွင်းကုန်အခွန်ကင်းလွတ်ကြောင်းကို အကောက်ခွန်အာဏာပိုင်အနေဖြင့် တရားဝင် ကင်းလွတ်ခွင့်ပြုထားပြီး ဖြစ်ပါသည်။

ပဲတီစိမ်း သွင်းကုန်ကင်းလွတ်ခွင့် သွင်းကုန်မူဝါဒအရ ကုန်စည်ပို့ဆောင်မှုများအား သင်္ဘောတင်ခြင်း/ ကုန်တင်ပြေစာတွင်ပါသော ရက်စွဲဖော်ပြချက်သည် ၃၁-၃-၂၀၂၂ ရက်နေ့ မတိုင်မီ (သို့မဟုတ်) အထိ ထုတ်ပြန်ချက်က အကျိုးသက်ရောက်မည် ဖြစ်ပါသည်။ အဆိုပါ ပဲတီစိမ်းတင်သွင်းခြင်းဆိုင်ရာ အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းများကို ၃၀-၆-၂၀၂၂ ရက်နေ့မတိုင်မီ (သို့မဟုတ်) အထိ အပြီးသတ်ရှင်းလင်းရမည်ဖြစ်ပါသည်။ မြန်မာပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အိန္ဒိယနိုင်ငံ၏ ပဲတီစိမ်း တင်သွင်းမှုအပေါ် သွင်းကုန်ကင်းလွတ်ခွင့် သက်တမ်းတိုးထုတ်ပြန် ချက်နှင့် အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

                                                                   ဥမ္မာကြူ MITC

Category: International News